Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အန္တရာယ်များတဲ့ အိမ်မွေးခွေးများအကြောင်း

$
0
0

ယခုတပတ်မှာတော့ နိုင်ငံခြားခွေးအမျိုးအစားများနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေပြောပြချင်ပါတယ်။ နိုင်ငံခြား ခွေးအမျိုးအစားများစွာ ရှိသော်လည်း မြန်မာလူမျိုးတို့မွေးလေ့မွေးထရှိတဲ့ နိုင်ငံခြားခွေးအမျိုးအစား ၁၂ မျိုး အ ကြောင်း တင်ဆက်လိုက်ပါတယ်။

Doberman

သူတို့ရဲ့ခွန်အားနဲ့ခန္ဓာကိုယ် တည်ဆောက်မှုတွေက လူတွေကို ကောင်းကောင်း တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းကဆိုရင် အမေရိကန်မှာ အိမ်မွေး Doberman ကနေပဲ သူ့ရဲ့သခင်အမျိုးသမီးကို ပြန်ကိုက်သတ်မှုတခု ဖြစ်ခဲ့သည် ထိအောင် ရှိခဲ့ပြီး စိတ်တိုပြီး အကိုက်ကြမ်းတဲ့ခွေးစာရင်းမှာ ပါလာခဲ့တာပါ။

German Shepherd

ဒီခွေးမျိုးကိုတော့ ရဲခွေးအဖြစ် အသုံးများပါတယ်။ အထူးလေ့ကျင့်ပေးထားတဲ့ တိုက်ခိုက်ရေး အနံ့ခံခွေးမျိုးပါ။ ခန္ဓာကိုယ် သေးငယ်တဲ့ ခွေးမျိုးထဲမှာ အဆိုးဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ ကိုက်အားကို ယူနစ် နယူတန်နဲ့ ချိန်ရင် ၁၀၆၀ နယူတန်ထိ အောင် ကိုက်နိုင်လို့ အရွယ်နဲ့ မလိုက်အောင် ကိုက်အားကောင်းတဲ့ ခွေးမျိုးပါ။

Rottweiler

စာရင်းတွေအရ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း အမေရိကန်မှာ လူကိုက်မှုအများဆုံး ကျူးလွန်ခဲ့တဲ့ ခွေးမျိုးပါ။ နောက်ပိုင်း ထိန်းချုပ်မှုတွေကြောင့် ခွေးကိုက်မှု လျော့နည်းသွားခဲ့တာပါ။ အရွယ်အစားပေါ် မူတည်ပြီးတော့ Rottweiler တကောင်ဟာ အနည်းဆုံး ၁၁၈၀ နယူတန်ကနေ ၁၄၆၀ နယူတန်အားထိအောင် ကိုက်အားရှိပါတယ်။

Pit Bull

ပြည်တွင်းမှာလည်း အမွေးများတဲ့ ခွေးမျိုးပါ။ အထူးသဖြင့် ကလေးငယ်တွေကို ရန်ပြု ကိုက်ခဲတတ်ပါတယ်။ အမေရိကန်မှာ Pit Bull ကိုက်လို့ တနှစ်ကို လူ နှစ်ဒါဇင်လောက် သေဆုံးနေတယ်လို့ သိရပါတယ်။ ပုံမှန်ဟောင်ရင်းကနေ ကိုက်တတ်တာ မဟုတ်ဘဲ Pit Bull တွေက မထင်မှတ်တဲ့အနေအထားကနေ စတင် ကိုက်တတ်ပါတယ်။

Great Danes

တကယ်ဆို ကိုက်မယ်လို့ မထင်ရလောက်တဲ့ ခွေးမျိုးပါ။ မွေးမြူပုံ နည်းမကျရင် အကိုက်ခံရဖို့ ရာခိုင်နှုန်း များပါတယ်။ ပတ် ဝန်းကျင်ကိုတော့ အန္တရာယ်ပြုမှု နည်းတယ်လို့ သိရပါတယ်။ သူက ပေါင် ၂၀၀ လောက် လေးပေမယ့် အသာလေး မတ် တပ်ရပ်နိုင်တာကြောင့် မျက်နှာပိုင်းကို အကိုက်ခံရမှု ပိုများပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ရန်ပြုတတ်ပါတယ်။

Brazilian Mastiff

အနံ့ခံစွမ်းအား အထူးကောင်းတာကြောင့် ခြေရာခံနိုင်မှု အကောင်းဆုံး ခွေးမျိုးလို့ ဆိုပါတယ်။ ဒါပေမယ့် တခါတရံမှာ သူ တို့က လုံး၀ ထိန်းမရတဲ့ အနေအထားထိအောင် ဆိုးသွမ်းတတ်ပါတယ်။ ဒီလို ပုံသေမရှိတဲ့ခွေးမျိုးဖြစ်လို့ တချို့နိုင်ငံတွေမှာ Mastiff တွေကို မွေးမြူခွင့် ပိတ်ပင်ထားတာမျိုးတောင် ရှိပါတယ်။

Akita Inu

ဂျပန်မျိုးရင်း ခွေးမျိုးပါ။ လမ်းပေါ်ထွက်ကိုက်တတ်တဲ့ ခွေးမျိုးမဟုတ်ပေမယ့် သူတိ့ုပိုင်နက်ထဲကို လူစိမ်းဝင်လာရင်တော့ ဘယ်လိုမှ သည်းမခံတတ်ဘူးလို့ ဆိုပါတယ်။ သန်မာသလို ကြိုးချည်မွေးမြူမှုကို မကြိုက်ဘဲ ခြံထဲမှာ လွတ်လွတ်လပ်လပ် သွားလာရနေရတာ နှစ်သက်ကြသူတွေပါ။

Boxer

အမဲလိုက်ခွေးမျိုးပါ။ အရင်က ခြံစောင့်အဖြစ်နဲ့ရော တိုက်ခိုက်ရေးသုံးခွေးအဖြစ်ပါ လေ့ကျင့်မွေးမြူကြတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ကိုက်အား အထူးကောင်းမွန်ပြီး သူ့ထက် ခန္ဓာကိုယ်အရွယ်အစား ကြီးမားတဲ့ ပြိုင်ဘက်တွေကိုတောင် အနိုင်ရအောင် ကိုက်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

Bull Terrier

Terrier ကတော့ ပြည်တွင်းမှာ မွေးမြူသူများပေမယ့် သားစပ် Bull ကတော့ နည်းပါတယ်။ အထူးသဖြင့်တော့ သန်မာမှုနဲ့ နာမည်ကြီးပါတယ်။ ခွေးအချင်းချင်းလည်း ရန်လိုမှုအများဆုံး ဖြစ်ပြီး ကိုက်ဖြတ် အနိုင်ယူတတ်တယ်လို့ ဆိုပါတယ်။

Dalmatian

သခင် ဖြစ်သည့်တိုင်အောင် လေ့ကျင့်ပေးပုံရော မွေးမြူပုံပါ နည်းမကျရင် ပြန်ပြီး ရန်ပြုနိုင်ပါတယ်။ ပတ်ဝန်းကျင်ကို ကိုက် ဖြတ်မှု ကြီးကြီးမားမား ကျူးလွန်မှု နည်းပေမယ့် မွေးမြူလေ့ကျင့်ပုံတွေအရ ရိုင်းစိုင်းပြီး ထိန်းသိမ်းရ ခက်ခဲတတ်တာကို တော့ သတိပြုရမှာပါ။

Malamute

တက္ကဆက် တက္ကသိုလ်ကနေ လေ့လာချက်တွေအရတော့ Malamute အကောင် ၆၀ ကနေ ၈၀ မှာ ၅ ကောင်ဟာ ကိုက် ဖြတ်တတ်သူတွေ၊ အကိုက်ကြမ်းသူတွေလို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင် ရင်းနှီးမှုပိုများအောင် မွေးမြူလာ လို့ အဆင်ပြေလာပေမယ့် သတိထားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

Husky

မွေးမြုရေးခွေးမျိုး မဟုတ်ပေမယ့် သဘောကျသူတွေက မွေးကြပါတယ်။ ဒါပေမယ့် သတိထားဖို့တော့ လိုပါတယ်။ မိမိအ တွက်ရော ပတ်ဝန်းကျင်အတွက်ပါ သတိပြု မွေးရမှာပါ။ Husky တွေက ပတ်ဝန်းကျင်နဲ့ရော သခင်နဲ့ပါ ရောရောနှောနှော မနေချင်ကြပါဘူး။ အခြားခွေးမျိုးအားလုံးထက် အေးအေးဆေးဆေးနေတတ်ကြပါတယ်။

၁၉၇၉ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း ဆားဘီးယားနွယ်ဖွား Husky တွေက အမေရိကန်မှာ ပြည်သူ ၁၅ ယောက်ကို ကိုက်သတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: www.pressroomvip.com

The post အန္တရာယ်များတဲ့ အိမ်မွေးခွေးများအကြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...