Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အရွယ်ရောက်ပြီးသူတိုင်း တရက် နွားနို့ ဘယ်လောက် သောက်သင့်လဲ

$
0
0

လူအများစုကတော့ အသက်အရွယ် ငယ်ရွယ်ချိန်နဲ့ သက်ကြီးပိုင်းတွေ အနေနဲ့လောက်ပဲ နွားနို့ကို နေ့စဉ် သောက်သုံးသင့်တယ်လို့ ယေဘုယျ သိထားကြပေမယ့် အရွယ်ရောက်သက်လတ်ပိုင်း အချိန်တွေမှာလည်း ဖြစ်နိုင်ရင် နွားနို့ကို နေ့စဉ် သောက်သုံးပေးသင့်ပါတယ်။

အထူးသဖြင့်တော့ အရိုးတွေ ခိုင်မာဖို့ အတွက်ပါ။ နွားနို့မှာ ကျနော်တို့ လိုအပ်တဲ့ ကယ်စီယမ်တွေ၊ ဗိုက်တာမင် Dနဲ့ သတ္တု ဓာတ်များစွာ ပါရှိပြီး ဒီဓာတ်တွေက ကျနော်တို့ရဲ့ အရိုးတွေကို ခိုင်မာ သန်စွမ်းစေမယ့်၊ သက်ကြီးပိုင်း ရောက်သည်အထိ ကျန်းမာသန်စွမ်းမှုကို အထောက်အကူ ဖြစ်စေမှာပါ။

ဒါဆို ဟုတ်ပြီ၊ အရွယ်ရောက် သက်လတ်တွေ အတွက်လည်း နွားနို့ နေ့စဉ်သောက်သုံးပေးသင့်တယ်ဆိုတော့ ဘယ် လောက် သောက်ရမှာပါလဲ။

သင့်အနေနဲ့ နွားနို့ ကြိုက်သည် ဖြစ်စေ၊ ကျန်းမာရေး အတွက်ပဲ ဖြစ်စေ တတ်နိုင်သလောက်၊ သောက်နိုင်သလောက် သောက်ပေးလို့ ရပါတယ်။

ကယ်စီယမ် ဘယ်လောက်လိုအပ်သလဲ

သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ ၉၉ရာခိုင်နှုန်းသော ကယ်စီယမ်စုဖွဲ့မှုတွေက အရိုးနဲ့ သွားတွေမှာ ရှိနေပါတယ်။ ကယ်စီယမ်ဟာ အရိုးနဲ့ သွားလို အမာသားတွေကို ကျစ်လစ်စေတယ်၊ ခိုင်မာစေပါတယ်။ နွားနို့ ၈ အောင်စ ရှိတဲ့ တခွက်မှာ ကယ်စီယမ် ၃၀၀ မီလီဂရမ်ထိအောင် ပါရှိလို့ ကယ်စီယမ် အကြွယ်ဝဆုံး အစာတခုပါပဲ။

တနေ့တာ ကျနော်တို့ရဲ့ကယ်စီယမ် လိုအပ်ချက်ကို ကြည့်မယ်ဆိုရင် ၁၉ နှစ်ကနေ ၅၀အတွင်းရှိ အမျိုးသမီး တယောက် ဟာ တနေ့အတွက် ကယ်စီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်လိုအပ်ပါတယ်။

အသက် ၅၁ နှစ်ကနေ အထက် ဖြစ်သွားရင်တော့ တရက်ကို ၁၂၀၀ မီလီဂရမ်ထိအောင် ပိုမို လိုအပ်လာပါပြီ။ အမျိုးသား တွေကတော့ အသက် ၁၉နှစ်ကနေ ၇၀အတွင်း တရက်ကို ကယ်စီယမ် ၁၀၀၀ မီလီဂရမ်လိုအပ်ပြီး အဲဒီထက် အသက်ကြီး သွားရင်တော့ ၁၂၀၀ မီလီဂရမ် လိုအပ်လာမှာပါ။

ဗီတာမင် D ဘယ်လောက်လိုအပ်သလဲ

ဗီတာမင် Dကတော့ သင့်အနေနဲ့ ကယ်စီယမ် ကြွယ်ဝစာတွေ ဘယ်လောက်စားစား၊ လူမှာ ကယ်စီယမ် ဘယ်လောက် ကြွယ်ဝနေပါစေ ဗီတာမင်D မရှိရင်တော့ အရိုးတွေရဲ့ ကျစ်လစ်မှု ဖြစ်မလာစေပါတယ်။ ကယ်စီယမ်နဲ့ ဗီတာမင် D ပေါင်း စပ်ပြီး အရိုးကျစ်လစ်မှု ဖြစ်စေတာပါ။

၈ အောင်စ ရှိတဲ့ နွားနို့မှာ ဗီတာမင်D က ၁၁၅ မီလီဂရမ်ကနေ ၁၂၄ ဂရမ်အတွင်း ပါရှိပြီး အခုလို ပါဝင်နှုန်းနဲ့ ဆိုရင် တရက် ကို သင့်အနေနဲ့ နွားနို့ ၃ခွက် ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ သင့်ခန္ဓာကိုယ်က နေ့စဉ် ဗီတာမင် D ပမာဏ ၃၅၀ မီလီဂရမ်လောက် လိုအပ်နေလို့ပါ။

တကယ်လို့ သင့်အနေနဲ့ နွားနို့ မနှစ်သက်ဘူးဆိုရင် ကယ်စီယမ် ကောင်းကောင်းရဖို့ နွားနို့ကနေ ပြုလုပ်တဲ့ ဒိန်ချဉ် သောက်မယ် ဆိုရင်လည်း ရပါတယ်။ ဒိန်ခဲစားမယ် ဆိုရင်လည်း ရပါတယ်။ ဆော်လမွန်ငါးနဲ့ ဆာရာဒင်း ငါးတွေမှာလည်း ကယ်စီယမ်ဓာတ် ပြည့်ဝစွာ ပါရှိပါတယ်။

ထူးခြားချက်ကတော့ ဒီငါးတွေမှာ ဗီတာမင်D ပါ လုံလောက်အောင် ပါရှိနေတာပါ။ အရွက်ပဲ စားချင်တယ် ဆိုရင်တော့ ကယ်စီယမ် ပြည်ဝတဲ့ အစိမ်းရောင် ရင့်ရင့်ရှိတဲ့ ဂေါ်ဖီရွက်နဲ့ ကိုက်လန်တို့ကို စားပေး နိုင်ပါတယ်။

အထက်မှာ ကျနော်က နွားနို့ကို နေ့စဉ် သောက်နိုင်သလောက် သောက်ပေးနိုင်တယ်လို့ ပြောခဲ့ပေမယ် တန်ဆေးလွန် ဘေးပါပဲ။

ဟားဗက်ကျန်းမာရေးကျောင်းရဲ့လေ့လာတွေ့ရှိချက်မှာတော့ တရက်ကို နွားနို့ အောင်စ ၂၀ ထက် ပိုမို သောက်သုံးသူ တွေက ပျမ်းမျှ တရက်ကို နွားနို့ ၄အောင်စသာ သောက်သုံးသူတွေထက် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုတယ်လို့ သိရပါတယ်။

တခုကောင်းတာကတော့ တက်ဖ်တက္ကသိုလ်ရဲ့လေ့လာချက် အရမှာတော့ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်နိုင်မှုက ရာခိုင်နှုန်း အနည်းငယ်ပဲ ဖြစ်သလို အခြား အစားအစာတွေထက် နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်မှု နည်းပါးတာကြောင့် နွားနို့ကို သောက်နိုင်သလောက် သောက်တာ အကောင်းဆုံးပါလို့ ဆိုပါတယ်။

Ref: www.healthyeating.sfgate.com

The post အရွယ်ရောက်ပြီးသူတိုင်း တရက် နွားနို့ ဘယ်လောက် သောက်သင့်လဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...