အရင်ဆုံးကင်ဆာရောဂါတွေ အကြောင်းမပြောခင် သတင်းကောင်းတခု ပြောချင်ပါတယ်။ အဲဒါကတော့ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးနှုန်း လျော့ကျလာတယ်ဆိုတာပါပဲ။
အစားအသောက်၊ အနေအထိုင်တွေ ပြောင်းလဲဆင်ခြင်လာမှုရဲ့ အကျိုးဆက်တွေပါ။ အခု ပြောမယ့်ကင်ဆာအမျိုးအစား တွေကတော့ သေဆုံးမှု အများဆုံးနဲ့ ဖြစ်ပွားမှု အများဆုံး စာရင်းဝင်တွေ ဖြစ်ပါတယ်။
(၁) အူမကြီးကင်ဆာ
အူမကြီးက သင့်ရဲ့အစာချေစနစ်ကို ကူညီပေးတယ်၊ သွေးထဲက သကြားဓာတ်ကို ထိန်းပေမယ့် ဟိုမုန်းကိုလည်း ထုတ်ပေး တယ်။ ဇီဝဖြစ်စဉ်တွေကိုလည်း တစိတ်တပိုင်းကနေ တာဝန်ယူ ပေးတယ်၊ အစာအိမ်ပိုင်းမှာ ချို့ယွင်းချက်ရှိလာမှုနဲ့ အတူ အူမကြီးကင်ဆာ အစပြုလာတတ်ပါတယ်။ သူက ခန္ဒာကိုယ်အတွင်းပိုင်း ကင်ဆာဖြစ်လို့ အခြားကိုယ်တွင်းအင်္ဂါတွေကို ကူး စက်မြန်ပြီး ရောဂါအကျွမ်းလွယ်စေပါတယ်။
ကင်ဆာရောဂါသည် တယောက်ဟာ အလွန်ဆုံး ပျမ်းမျှ ၅နှစ်ထိအောင်ပဲ အသက်ဆက်နိုင်လို့ ကင်ဆာစချိန်ကနေ သက် တမ်းကို ၅နှစ် တွက်ပြီး ပြောရရင် အူမကြီးကင်ဆာနဲ့ ၅နှစ်ကြာနေထိုင်နိုင်သူ ၁၀၀မှာ ၇.၂ရာခိုင်နှုန်းပဲရှိပြီး ဖြစ်ပွားနှုန်းက တော့ လူဦးရေ ၆၅ ယောက်မှာ ၁ယောက်နှုန်း ဖြစ်နိုင်ပါတယ်။
(၂) တစ်ရှူးအမြှေးပါး ကင်ဆာ
အဆုတ်၊ နှလုံးအပါအဝင် အခြားလူခန္ဓာ အစိတ်အပိုင်းမှာ ဖုံးအုပ်ထားတဲ့ Mesothelioma ဆိုတဲ့ တစ်ရှူးအမြှေးပါး ရှိပါ တယ်။ အဆိုပါ တစ်ရှူးမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါပါ။
သြစတြေးလျ ပညာရှင်တွေရဲ့ လေ့လာချက်အရတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ မသန့်ရှင်းလေထုထဲမှာ လုပ်ငန်းခွင် ဝင်သူတွေမှာ ဖြစ်နှုန်း ပိုများပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ရင်ဘတ်အောင့်မယ်၊ အသက်ရှူရ ကျပ်မယ်၊ ဗိုက်ထဲက နာတတ်မယ်၊ အောင့်မယ်ပေါ့။ အမျိုးသား ၁၄၀မှာ ၁ယောက် ဖြစ်နိုင်ပြီး အမျိုးသမီး ၇၁၀ မှာ တယောက်နှုန်း ဖြစ်နိုင်ပါ တယ်။ ၅ နှစ်တာ ရှင်သန်နှုန်း ၉.၂ရာခိုင်နှုန်း ဖြစ်ပါတယ်။
(၃) အသည်းနဲ့သည်းခြေ ကင်ဆာ
ကိုယ်တွင်းအင်္ဂါတွေထဲမှာအကြီးဆုံးအပိုင်းပါ။ အစာချေစနစ်ကနေ အာဟာရ ရယူမှုရဲ့ အဓိကကျသူပါ။ အရက်သောက်သုံး မှုများခြင်း၊ အသည်းရောင်အသားဝါ Bနဲ့ C ပိုးရှိသူတွေ အဖြစ်များပါတယ်။ ကိုယ်အလေးချိန် ချက်ချင်းကျသွားမယ်၊ အစား ဝင်နှုန်းနည်းသွားမယ်၊ ဗိုက်မအီမသာ ဖြစ်မယ် ဆိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ လူ ၁၀၀မှာ တယောက်ဖြစ်ပွားနိုင် ပြီး ၅နှစ်တာ ရှင်သန်နိုင်မှု ၁၇.၂ ရာခိုင်နှုန်း ရှိပါတယ်။
(၄) အဆုတ်ကင်ဆာ
အမျိုးသားရောအမျိုးသမီးတွေမှာ ဖြစ်ပွားနှုန်းတူပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အများဆုံး ဖြစ်ပွားပြီး မှတ်တမ်း တွေအရ အဆုတ်ကင်ဆာဖြစ်သူ ရာခိုင်နှုန်း ၈၀က ဆေးလိပ်သောက်ကြပါတယ်။
အချိန်ကြာ ဆေးလိပ်သောက်သုံးမှုကနေ ဖြတ်လိုက်မယ်ဆိုရင်တော့ ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်းလျော့သွားတယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။ အမျိုးသား ၁၄ ဦးမှာ တဦးနဲ့ အမျိုးသမီး ၁၇ဦးမှာ တဦးနှုန်း ဖြစ်ပွားနိုင်ပါတယ်။ ၅ နှစ် တာ ရှင်သန်နိုင်မှုနှုန်း ၁၇.၄ ရာခိုင် နှုန်းပါ။
(၅) သည်းခြေအိတ်ကင်ဆာ
အသည်းရဲ့ အောက်ဘက်မှာရှိတယ်၊ သည်းခြေရည်တွေ သိမ်းထားပေးတယ်။ အဲဒီသည်းခြေရည်က သင့်အစာချေစနစ်ကို ကူညီပေးတယ်။ အစာအိမ်နေရာကနေ မကြာခဏ နာကျင်နေမှုဟာ သည်းခြေကင်ဆာကြောင့် အဖြစ်များတဲ့ လက္ခဏာ ပါ။ ထူးခြားချက်တခုကတော့ သည်းခြေအိတ်ကင်ဆာက မျိုးရိုးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
အမျိုးသား ၁၃၀၀မှာ တဦးနဲ့ အမျိုးသမီး ၅၅၀မှာ တဦးနှုန်း ဖြစ်ပွားနိုင်ပါတယ်။ ၅နှစ်တာ ရှင်သန်နိုင်မှုနှုန်း ၁၇.၉ ရာခိုင် နှုန်းပါ။
Ref: www.prevention.com
The post သေဆုံးနှုန်းအများဆုံး ကင်ဆာရောဂါများ appeared first on ဧရာဝတီ.