Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဂျကာတာမြို့တော်ဝန်ကို ဆန့်ကျင်ကြသူများ

$
0
0

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၆နာရီ အချိန်တွင် အသက် ၃၄ နှစ် အရွယ်ကျောင်း အုပ်ချုပ်ရေးမှူး တ ယောက်ဖြစ်သည့် Ahmad Zakarsih က သူနေထိုင်ရာ Bekasi မြို့၏ အနောက်ဘက် ၂၈ ကီလိုမီတာ အကွာတွင် ရှိ သည့် ဂျကာတာ မြို့တော်သို့ ထွက်လာခဲ့သည်။ သူက Bekasi တွင် နေထိုင်သူ ဖြစ်သော်လည်း ဂျာကာတာ မှတ်ပုံတင် ကိုင်ဆောင်ထားသူတဦး ဖြစ်၍ လာမည့် မြို့တော်အုပ်ချုပ်ရေးမှူးရွေးပွဲတွင် မဲပေးခွင့်ရရှိထားသူ လည်း ဖြစ်သည်။

သူက လာမည့် အပတ်အတွင်း ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျကာတာ၏ လက်ရှိအုပ်ချုပ်ရေးမှူး Ahok ခေါ် Basuki Tjahaja Purnama ကို ကန့်ကွက်ဆန္ဒပြရန် သွားခြင်း ဖြစ်ပါသည်။

မဲဆွယ်လှုပ်ရှားစဉ် အတွင်း Ahok က ကိုရမ်ကျမ်းစာကို စော်ကားခဲ့သည်ဟု လူအများအပြားက ပြောကြသည်။ လက်ရှိအချိန်တွင် ဘာသာရေးကို စော်ကားပြောဆိုမှု (အညင်းပွားဖွယ်ရာ စွဲချက်တင်ခြင်းတခု) ဖြင့် Ahok တရား ရင်ဆိုင်နေရသည်။

အင်ဒိုနီးရှား နိုင်ငံ၏ အကြီးမားဆုံးသော ဆန္ဒပြပွဲများထဲမှ တခုတွင် ဘာကြောင့် ပါဝင်ခဲ့ရသနည်းဟု ကျနော်က မေး သည့်ခါ Ahmad Zakarsih က ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေပါသည်။ “ကျနော့် ပင်ကိုယ်စိတ်ရဲ့ တောင်းဆိုမှုကြောင့်လို့ ခံ စားရပါတယ်။ ကျနော့် စိတ်ထဲမှာတော့ Ahok က အစ္စလမ်ဘာသာကို မလေးစားကြောင်း ပြခဲ့ပါတယ်။”

သို့သော်လည်း သူက Ahok ကို အမြဲတမ်း ဆန့်ကျင်ခဲ့သူ တဦးမဟုတ်ဟု Ahmad Zakarsih က ဆိုသည်။

“တကယ်လို့ သူ့မှာ ဒီလိုကိစ္စသာ ပေါ်မလာခဲ့ရင် Ahok ကို ကျနော် မဲပေးကောင်း ပေးနိုင်ပါတယ်။ တကယ်တော့ Ahok အဖမ်းမခံရလဲ ကျနော့်အတွက် ပြဿနာမရှိပါဘူး။ တကယ်လို့ သူက အမှန်တကယ် အပြစ်ရှိခဲ့ရင် အလ္လာ အရှင်က တနည်းနည်းနဲ့ သူ့ကို အပြစ်ပေးပါလိမ့်မယ်။”

အင်ဒိုနီးရှားနိုင်ငံ၏ နာမည်အကြီးဆုံး ဘာသာရေးကျောင်းများထဲမှ တခု ဖြစ်သည့် Tebuireng pesantren ကျောင်း သားဟောင်းတယောက် (ယခင် သမ္မတဟောင်း Abdulrahman Wahid သည်လည်း ထိုကျောင်းဆင်းဖြစ်သည်) ဖြစ် ပြီး အစ္စလမ် ဘာသာ၏ သဘောတရားနှင့် အတွေးအခေါ်များကို စနစ်တကျလေ့လာထားသည့် Ahmad Zakarsih က ပညာတတ် အမျိုးသားတယောက်၏ ယုံကြည်မှုမျိုး ရှိသူဖြစ်သော်လည်း သူ့အယူအဆကို တော်သင့်ရုံသာ ပြောပြ သည်။

Ahmad Zakarsih က ညနက်ပိုင်း ရုပ်မြင်သံကြား အစီအစဉ်များမှ စီစဉ်တင်ဆက်သူတယောက်ကဲ့သို့ အရွှန်း အသော ဖြင့် အခြေအနေကို ထိန်း တတ်သူတဦးလည်း ဖြစ်သည်။

ဥပမာအားဖြင့် သူတက်ရောက်ခဲ့ဖူးသော နိုင်ငံတော် အစ္စလမ်တက္ကသိုလ် (UIN) ရှိရာ Ciputat မြို့ကို သွေးဆောင်နိုင် သည့် အရာအားလုံး ရှိနေသော အမေရိကန်နိုင်ငံက Las Vegas မြို့နှင့် တူနေသည်ဟု ပြောသည်။ ငြီးငွေ့ဖွယ်ရာ ဂျကာတာ ဆင်ခြေဖုံးသို့ ရောက်လာသူတယောက် အနေဖြင့် နားလည်ရန် ခက်ခဲနိုင်သလိုမျိုး ဖြစ်သည် ဟုဆိုသည်။

Ahmad Zakarsih က ဂျကာတာဒေသ၏ မူလဒေသခံဖြစ်သည့် Betawi တယောက်ဖြစ်သည်။ Betawi အသိုင်းအဝိုင်း ၏ အထင်ရှားဆုံးမျိုးဆက်များထဲတွင် dangdut (အင်ဒိုနီးရှားရိုးရာ ဂီတ) ၏ အမှတ်တံဆိပ် ဖြစ်သော Roma Iroma လည်း အပါအဝင် ဖြစ်သည်။ Roma Iroma က တောက်ပြောင်သော ဝတ်စားဆင်ယင်မှုနှင့် အဲလ်ဗစ် ပရက်စလေ ဟန်တို့ ပူးပေါင်း၍ ရှေးရိုးစွဲဆန်သော အမြင်များကို ရပ်တန့်စေခဲ့သည်။

သို့သော်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်လာသော အခါ Betawi အသိုင်း အဝိုင်းက လူဦးရေ ၂၈ သန်း အထိ ကျယ်ပြန့်လာသော ဗဟိုအချက်အချာနေရာမှ တဖြည်းဖြည်း စွန့်ခွာလာခဲ့ကြသည်။ နေရာ အကွက်အကွင်းကောင်း သည့် အိမ်များနှင့် စပါးကွင်းများကို အစုအပြုံလိုက် အသစ်ရောက်လာသည့် ဂျားဗားလူမျိုးများ၊ တရုတ်လူမျိုးများ နှင့် အာရပ်နွယ်ဖွား အင်ဒိုနီးရှားများသို့ ရောင်းချခဲ့ကြသည်။

Betawi အသိုင်းအဝိုင်းမှ လူအများစုက ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း Fauzi Bowo ကို ထောက်ခံသူများ ဖြစ်သည်။ ၂၀၀၇ ခုနှစ် ကစ၍ ဂျကာတာ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည့် Fauzi Bowo ကို ၂၀၁၂ တွင် ယခု အင်ဒိုနီးရှား နိုင်ငံ သမ္မတ Joko Widodo ခေါ် Jokowi က အနိုင်ယူခဲ့သည်။

Ahok က Jokowi ၏ မဟာမိတ် ဖြစ်ခဲ့ပြီး Jokowi သမ္မတ ဖြစ်သည့် အချိန်တွင် အုပ်ချုပ်ရေးမှူး ရာထူးကို ဆက်ခံ ခဲ့ သည်။ Betawi အသိုင်း အဝိုင်းမှ သဘောထားတင်းမာသူများက သူတို့ကဲ့သို့ အသစ်ရောက်လာသူများကို နှင့် မည် သည့် အချိန်မျှ သင့်မြတ်ခြင်း မရှိခဲ့ဟု ယူဆခဲ့ကြပါသည်။

Ahmad Zakarsih ၏ မိသားစုအိမ်က ယခုအခါတွင် လူဦးရေ ၂.၆သန်းဖြင့် အလွန်ဖွံ့ဖြိုးလာနေသည့် Bekasi (အင်ဒိုနီး ရှားနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့) ၏ လမ်းထောင့်တခုတွင် ရှိသည်။ သူတို့ မိသားစု၏ သစ်သီးခြံများ၊ စပါးခင်းများ ရှိရာ လယ်မြေမှ နောက်ဆုံးကျန်နေသည့် နေရာလဲ ဖြစ်ပါသည်။

သူကတော့ “ကျနော်တို့က မောင်နှမ ၁၁ ယောက် ရှိတော့ ကျနော်တို့ မိဘတွေက မြေတွေကိုရောင်းပြီး ပညာသင် ပေး ခဲ့ရတယ်။ ကျနော် Tebuireng မှာ ကျောင်းတက်နေတဲ့ ၁၉၉၈ ခုနှစ်တုန်းက ကျနော့် ကျောင်းစရိတ် နဲ့ အဆောင် စရိတ် က တလကို အင်ဒိုနီးရှား ရူပီးယား ၆၀၀၀၀ လောက်ကျတယ်” ဟု သူက ရှင်းပြသည်။

ဘွဲ့ရပြီးသည့် အခါ Ahmad Zakarsih က စူမတြာ ကျွန်းများရှိ Siak တွင် ဘာသာရေးဆရာ အဖြစ် ၄ နှစ်ကြာ အလုပ် လုပ်ပြီး Bekasi ရှိ အိမ်သို့ ပြန်လာပြီး လက်ထပ်ခဲ့သည်။ လက်ထပ်ပွဲမှာ ကြိုတင် စီစဉ်ထား သည့်လက်ထပ်ပွဲ ဖြစ်ပြီး သူ၏ ဇနီးဖြစ်လာမည့်သူနှင့် တကြိမ်တခါမှ ချိန်းမတွေ့ခဲ့ရဟု သူက စိတ်ပျက်စွာပြောသည်။

Ahmad Zakarsih နှင့် သူ့ဇနီး တို့ ၂ ယောက်လုံး အလုပ်လုပ်ကြသည်။ သူတို့တွင် ၁ နှစ် အရွယ် သားတယောက်ရှိပြီး နောက်ထပ် ကလေးများ ယူရန်လည်း စီစဉ်နေသည်။

ညနေခင်းတိုင်း ဒေသခံကလေးငယ်များကို ကိုရမ်ကျမ်းစာ အခမဲ့သင်ကြားပေးရသည်ကို သူ အလွန်ပျော်ပါသည်။ ထိုနေရာတွင် သူ့ကို Pak Ustad (ဘာသာရေးဆရာ) အဖြစ် သိကြသည်။  သူတို့က hadroh (ဗုံများကြိုးတပ်တူရိယာ များ ပါဝင်သည့် ဘာသာရေးနှင့် ဆိုင်သော ဂီတ) ကိုလည်း တီးခတ် ကြ သည်။

Bekasi ၏ အခြေခံ အဆောက်အဦး (အခပေးလမ်းများမှ သည် ရထားလမ်းများအထိ) တွင် ငွေကြေး အများအပြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သော်လည်း Ahmad Zakarsih က လက်ရှိ အုပ်ချုပ်ရေးကို ရဲရဲတင်းတင်း ဝေဖန်သူ တ ဦး ဖြစ်သည်။

“အရာရာက အရင်ထက်ပိုပြီး ကျပ်တည်းလာတယ်။ ပြင်ပ ကန်ထရိုက်လုပ်ငန်းတွေများလာတယ်။ ကျန်းမာရေးနဲ့ ပညာရေး အတွက် အစိုးရရဲ့ ကတ်တွေ အားလုံးကလည်း လျှောက်ဖို့ အရမ်းခက်တယ်။ အစ္စလမ် ဘာသာကလည်း ဆိုးဆိုးဝါးဝါး ကျဆင်းနေပြီ။”

Ahok ကို ဆန့်ကျင်ရသည့် အကြောင်းရင်းများ နှင့် ပတ်သက်၍ လူတော်တော်များများက ပြောကြပါသည်။ သူတို့ ဖော်ပြကြသည်က ဘာသာရေးကို အခြေခံသည့် ဝါဒနှင့် နိုင်ငံရေးနှင့် ဘာသာရေးကို ခွဲခြားထားသည့်ဝါဒကြား၊ အဂတိ မကင်းသည့် လက်ခံယုံကြည်မှုနှင့် ဗဟုဝါဒကြား၊ အဖြူနှင့် အမည်းကြား သို့ မဟုတ် အကောင်းနှင့် အဆိုးကြားမှ အား ပြိုင်မှု မျိုး ဖြစ်လေ့ရှိပါသည်။

သို့သော်လည်း Ahmad Zakarsih နှင့် စကားပြောသည့် အခါ အင်ဒိုနီးရှားမှ အခြားသူများကဲ့သို့ပင် ကိုရမ်ကျမ်း စာသားများဖြင့် တန်ဆာဆင်ထားသည့် သူ၏ နားလည်ရခက်သော စကားလုံးများက ဖုံးကွယ်ထားသည့် အချက်များ ရှိနေကြောင်း ခံစားရစေသည်။

ဥပမာပြရလျှင် ယခင်သမ္မတ Susilo Bambang Yudhoyono လက်ထက်က အခွင့်ထူးများ ရရှိခဲ့သည့် ရှေးရိုးစွဲ မွတ် ဆလင် အုပ်စုများထဲမှ အများစုက သူတို့ကို လက်ရှိ မျှတသော နိုင်ငံရေးအမြင်ရှိသူ အသိုင်းအဝိုင်းက ဘေးဖယ်ထား သည်ဟု ခံစားနေကြရသည်။

ကျနော်တို့ လမ်းမခွဲမီ သူဘယ်လို မဲပေးမည်နည်းဟု Ahmad Zakarsih ကို မေးကြည့်ပါသည်။

သူက အနည်းငယ်ပြုံးလိုက်ပြီး မဲပေးရာတွင် လမ်းညွှန်ပေးဖို့ ဘုရားထံတွင် ဆုတောင်းသွားမည်ဟု ရှင်းပြပါသည်။

“ဘယ်သူသိနိုင်မလဲ။ ကျနော်က Ahok ကို ပြောင်းပြီးတော့ မဲပေးချင်လဲ ပေးမှာပေါ့။”

The post ဂျကာတာမြို့တော်ဝန်ကို ဆန့်ကျင်ကြသူများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...