Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာ့မိတ်ဆွေ ချက်သမ္မတဆီက သင်ခန်းစာ

$
0
0
 (ဓာတ်ပုံ - wkikipedia)

(ဓာတ်ပုံ – wkikipedia)

ဗဟိုဥရောပ နိုင်ငံတနိုင်ငံဖြစ်သည့် ချက်သမ္မနိုင်ငံ၏ သမ္မတဟောင်း ဗားကလပ် ဟာဗဲလ်က ကတ္တီပါ တော်လှန်ရေးနှင့်အတူ အာဏာရ အစိုးရတွင် အကြီးအကဲ ဖြစ်လာသည်။

သူသည် ချက်နိုင်ငံ၏ လူမှုအဖွဲ့အစည်း၊ လူထုအခြေပြု အဖွဲ့အစည်းများ ရှင်သန်ရေး အရေးကြီးကြောင်းကို သိမြင်သည့်အတွက် NGO များ CSO ခေါ် လူမှုအဖွဲ့အစည်းများ တည်ထောင်ရေးကို ဦးစီး ဦးဆောင်ပြုပြီး အားပေးခဲ့သည်။

သူ၏ သမ္မတ သက်တမ်းတွင် ဟာဗဲလ်က ဦးဆောင်ပြီး People in Need (PIN) ဟု အမည်ရသော နိုင်ငံ တကာ NGO အဖွဲ့အစည်းကို ထူထောင်လာခဲ့သည်။

ချက်နိုင်ငံတွင်း မှာသာမက အရှေ့ဥရောပနိုင်ငံများအပြင် အရှေ့တောင် အာရှတွင်လည်း PIN ၏ လုပ်ငန်းများကို တိုးချဲ့ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း သူ၏ လုပ်ငန်းများကို ချဲ့ထွင်လုပ်ဆောင်ခဲ့သည်။

အာဏာရှင်များ အုပ်စိုးနေသော အရှေ့ဥရောပ နိုင်ငံများတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဟာဗဲလ် ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်ခဲ့သည်။ အင်အားကြီး တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအြေ ခအနေများကို မီဒီယာမှတဆင့် ရှုံချဝေဖန်ခဲ့သည့်အပြင် တိဗက်ဘုန်းတော်ကြီး ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒလိုင်းလားမားကို ချက်နိုင်ငံသို့ တရားဝင် ဖိတ်ကြားခဲ့သူဖြစ်သည်။

ဟာဗဲလ် ကိုယ်တိုင်လည်း လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သလို၊ Human Rights Foundation အဖွဲ့တွင်လည်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်များ ကြီးစိုးခဲ့စဉ်ကာလက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးနှင့်အတူ သူ၏ နာမည်ကြီး Threat to the Peace ဆိုသည့် စာတမ်းတစောင်ကို ၂၀၀၈ ခုနှစ်တွင် ပြုစုပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကို တင်ပြကာ မြန်မာစစ်အစိုးရကို ဖိအားပေးခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က မြန်မာအရေးကို ၀င်ရောက်ဖြေရှင်းဖို့ တောင်းဆိုခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

သူကိုယ်တိုင်လည်း Vaclav Havel Journalism Fellowship ဆိုသည်ကို ဖန်တီးခဲ့ပြီး စာနယ်ဇင်းနှင့် သတင်းစာ လွတ်လပ်ခွင့် ဆုများကို နှစ်စဉ်ပေးခဲ့သည်။

ထို့အပြင် သူ့လက်ထက်တွင် Radio Liberty ကို အစတည်ထောင်ပေးခဲ့ပြီး ဖက်ဒရယ် ပါလီမန် အဆောက် အဦးထဲ၌ အစပထမ ဖွင့်ခွင့်ပေးခဲ့သည်။ နောက်ပိုင်း Radio Free Europe ဟူ၍ လူသိများ ထင်ရှားလာခဲ့သည်။
ဤသို့ ဆောင်ရွက်မှုများ ကြောင့် ချက်ကို ကျူးကျော် ဗိုလ်ကျခဲ့သော ဆိုဗီယက်ရုရှား၏ ငြိုငြင်မှုကို ဟာဗဲလ် ခံခဲ့ရပြီး၊ သူ ကွယ်လွန်ချိန်တွင် နိုင်ငံတကာ ခေါင်းဆောင်များက ၀မ်းနည်းကြောင်းပြောခဲ့ကြ၊ တချို့ ခေါင်းဆောင်များက တကူးတက နိုင်ငံတော်ဈာပန တက်ရောက်ခဲ့ကြသော်လည်း ကရင်မလင်နန်းတော်ကမူ ရေငုံနှုတ်ပိတ်နေခဲ့သည်။

ဟာဗဲလ်သည် ယခု မြန်မာနိုင်ငံခြားရေး ၀န်ကြီး တာဝန်ကို ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ အရေးတို့နှင့်လည်း မစိမ်းသူဖြစ်သည်။

၁၉၉၁ နိုဗဲလ် ငြိမ်းချမ်းဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ အမည်စာရင်းကို ကိုယ်တိုင်တင်သွင်း ခဲ့သူလည်း ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဧရာဝတီကို ပြောခဲ့သည့် သူ၏ အင်တာဗျူးတခု၌ “ကျနော်ရဲ့မိတ်ဆွေ သူငယ်ချင်း အောင်ဆန်းစုကြည်ဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ သူ့ကို ကျနော်ပြောခဲ့တာကတော့ သူ့ရဲ့ Non Violent ကြိုးပမ်းမှုဟာ အကြီးအကျယ် အသိအမှတ်ပြုခံရတယ် ဆိုတာပါပဲ” ဟု ပြောဆိုခဲ့သည်။

သမ္မတဟောင်း ဟာဗဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် လူချင်းတွေ့ဆုံခွင့် မရခဲ့ကြပါ။ သမ္မတဟောင်း ဟာဗဲလ်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

သမ္မတဟောင်း ဟာဗဲလ်သည် အတိုက်အခံဘ၀မှ အာဏာရ သမ္မတဖြစ်လာခဲ့ပြီး သူ့နိုင်ငံတွင် ဒီမိုကရေစီ အမြစ်တွယ်ရေး၊ လူ့အခွင့်အရေး ပိုမိုအားသန်ရေး၊ NGO များ၊ CSO များ၊ မီဒီယာများကို ကိုယ်တိုင် အားပေးခဲ့သည့်အပြင် ရွေးကောက်ခံ သမ္မတ တဦးအနေနှင့်လည်း အဆိုပါ အဖွဲ့အစည်းများသည် အစိုးရ၏ မဟာမိတ်များအဖြစ် စည်းရုံးနိုင်ခဲ့သည်။

ပြည်သူလူထုက ရွေးကောက် တင်မြှောက်သော အစိုးရ အနေဖြင့် NGO များ၊ CSO များ၊ လွတ်လပ်သော မီဒီယာများနှင့် လူမှုအဖွဲ့အစည်းများကို အားကောင်းမောင်းသန် ဖြစ်လာရေး မည်သို့ ကူညီပျိုးထောင်ပေးမည်နည်း၊ မဟာမိတ်အဖြစ် ရှေ့ဆက်မည့် ခရီးတွင် မည်သို့ လက်တွဲမည်နည်း ဆိုသည်ကို မြန်မာ့ မိတ်ဆွေ ဟာဗဲလ်ထံမှ မြန်မာနိုင်ငံသည် လေ့လာစရာ အများအပြားရှိနေပါသည်။

The post မြန်မာ့မိတ်ဆွေ ချက်သမ္မတဆီက သင်ခန်းစာ appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...